
ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး(၂/၂၀၂၁) ကျင်းပပြုလုပ်
မြစ်ကြီးနား ဧပြီ ၉ ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီအစည်းအဝေး(၂/၂၀၂၁)ကို ဧပြီ ၉ ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ ကော်မတီအစည်းအဝေးတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများသည် အဓိကျပါကြောင်း၊ မိမိတို့ ပြည်နယ်အတွက် ဖွွံ့ဖြိုးတိုးတက်မှုရေရှည်ခိုင်မာ ရေးသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများစွာ ဖိတ်ခေါ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည် နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။ ယင်းနောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဒေါက်တာသိမ့်သိမ့်မိုးက…